ကျနော့်ရဲ့ API ကို Python ကုဒ်တွေနဲ့ အလွယ်ဆုံး ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဒီမှာ ရှင်းပြပေးပါမယ်။ မိတ်ဆွေအနေနဲ့ Python ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်မယ်ဆိုရင် မိမိဘာသာ စိတ်ကြိုက်တိုးချဲ့ပြီး ဖန်တီးကြည့်ပါ။ ဒီမှာကတော့ API အသုံးပြုတတ်ရုံလောက်ကိုပဲ ပြောပြပေးမှာပါ။ ပထမဆုံးအနေနဲ့ ကျနော်တို့ python ကနေ json ကို request လုပ်မှာဖြစ်တဲ့အတွက် အောက်ပါ အတိုင်း Terminal ကနေတဆင့် requests library ကို install လုပ်ပါ။ ကျနော်က Window သုံးတဲ့ အတွက် Window စနစ်အတိုင်းပဲသင်ပြပေးထားပါတယ်။
pip install requests
ပြီးရင် အောက်ပါအတိုင်း api ကို ခေါ်သုံးနိုင်ပါပြီ။ နမူနာအဖြစ် calendar ကို အသုံးပြုပါမယ်။
import requests
import json
url = "https://api.coder-guru.com/v1/calendar/PeW725u71ed9853f97d5d1LOieca3f7/1985-1-7"
response = requests.get(url)
json = json.loads(response.text)
print(json)
ဒီမှာ အသုံးပြုသွားတဲ့ PeW725u71ed9853f97d5d1LOieca3f7 ဆိုတာ နမူနာ ပြတာပါ။ တကယ့်လက်တွေ့မှာတော့ မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင် Api Key ကို အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဒီကုဒ်ကို Run လိုက်မယ်ဆိုရင် အောက်ပါရလဒ်အတိုင်း ရှိသမျှ Json Data တွေအားလုံးကို ဖော်ပြပေးပါလိမ့်မယ်။ Json သင်ခန်းစာမဟုတ်တဲ့အတွက် ဒီမှာ Json အကြောင်းကို အသေးစိတ် ရှင်းမပြတော့ပါဘူး။
{'mm_date_str': '၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။', 'mm_year_str': '၁၃၄၆', 'mm_month_str': 'ပြာသို', 'mm_day_str': 'လပြည့်ကျော် ၂ ရက်', 'weekday_str': 'တနင်္လာ', 'mm_year_num': 1346, 'mm_month_num': 10, 'mm_day_num': 17, 'weekday_num': 2, 'maha_modulo': 2, 'maha_house': 'ဘင်္ဂ'}
Process finished with exit code 0
အခြေခံအားဖြင့် Json တွေကို ဘယ်လိုရယူရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ ဒီကုဒ်ကိုပဲ နည်းနည်းအဆင့်ထပ်မြင့်ကြည့်ရအောင် ... User က နှစ်၊ လ၊ ရက်ကို ရိုက်သွင်းလိုက်တာနဲ့ အဲဒီရက်စွဲရဲ့ မြန်မာရက်စွဲကို ဖော်ပြပေးဖို့ Api ကနေ တောင်းဆိုပါမယ်။ မြန်မာရက်စွဲ အပြည့်အစုံကို လိုချင်တာဖြစ်တဲ့အတွက် တောင်းဆိုရမယ့် Json Key ဟာ ... "mm_date_str" ဖြစ်ပါတယ်။ နားမလည်သေးဘူးဆိုရင် API Documentation မှာ ဝင်ဖတ်ကြည့်ပါ။
import requests
import json
year = input("Year: ")
month = input("Month: ")
day = input("Day: ")
url = "https://api.coder-guru.com/v1/calendar/"
apiKey = "{YOUR_API_KEY}"
data = url+"/"+apiKey+"/"+year+"-"+month+"-"+day
response = requests.get(data)
json = json.loads(response.text)
result = json["mm_date_str"]
print(result)
{YOUR_API_KEY} ဆိုတဲ့နေရာမှာ မိတ်ဆွေရဲ့ Api Key ကို အစားထိုးသုံးပေးပါ။ ဒီကုဒ်ကို Run လိုက်ရင် အောက်ပါအတိုင်း အဖြေထွက်လာပါတယ်။ လက်တွေ့လုပ်ကြည့်ရင် ပိုပြီးနားလည်မှာပါ။ ကျန်တဲ့ Json Key တွေကိုလည်း "mm_date_str" နေရာမှာ အစားထိုးပြီး ခေါ်သုံးကြည့်ပါ။ ဆက်ပြီး မိမိဉာဏ်ရှိသလို သုံးစွဲနိုင်ပါတယ်။
Year: 1985
Month: 1
Day: 7
၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။
Process finished with exit code 0