ကျနော့်ရဲ့ API ကို Javascript ကနေ အလွယ်ဆုံး ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဒီမှာ ရှင်းပြပေးပါမယ်။ မိတ်ဆွေအနေနဲ့ Javascript ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်မယ်ဆိုရင် မိမိဘာသာ စိတ်ကြိုက်တိုးချဲ့ပြီး ဖန်တီးကြည့်ပါ။ ဒီမှာကတော့ API အသုံးပြုတတ်ရုံလောက်ကိုပဲ ပြောပြပေးမှာပါ။ ပထမဆုံး အောက်ပါကုဒ်ကို Copy ကူပြီး .html နဲ့ Save ထားပါ။ ဥပမာ ... textCalendar.html

textCalendar.html:

<!DOCTYPE html>
<html>
<head>
  <meta charset="UTF-8">
  <title>Example</title>
</head>
<body>
  <p id="json-data"></p>
  <script>
   let apiKey = "PeW725u71ed9853f97d5d1LOieca3f7";
   let dateFormat = "1985-01-07";
    fetch("https://api.coder-guru.com/v1/calendar/"+apiKey+"/"+dateFormat)
      .then(response => response.json())
      .then(data => {
        const api_data = data["mm_date_str"];
        document.getElementById('json-data').textContent = api_data;
      })
      .catch(error => {
        console.error('Error fetching JSON data:', error);
      });
  </script>
</body>
</html>

ဒီကုဒ်ထဲက ...
apiKey ဆိုတဲ့နေရာမှာကတော့ မိမိတို့ရဲ့ ကိုယ်ပိုင် API KEY ကို အစားထိုး အသုံးပြုပေးရမှာဖြစ်ပါတယ်။
dateFormat ဆိုတဲ့နေရာမှာကတော့ မိမိတို့ သိချင်တဲ့ ရက်စွဲကို ပြောင်းလဲကြည့်ပါ။
mm_date_str ဆိုတဲ့နေရာမှာကတော့ မိမိ ခေါ်ချင်တဲ့ Json Key ကို ထည့်ပြီး အသုံးပြုပေးရမှာဖြစ်ပါတယ်။
နားမလည်သေးဘူးဆိုရင် API Documentation မှာ ဝင်ဖတ်ကြည့်ပါ။
ပြီးရင် ကုဒ်ကို Run ကြည့်ပါ။ အောက်ပါအတိုင်း Result ရပါလိမ့်မယ်။

Output:

၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။			

ဒီလောက်ဆိုရင် အခြေခံအားဖြင့် Json Data တွေကို ဘယ်လိုရယူရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။