API ဆိုတာ Application Programming Interface ရဲ့ အတိုကောက် စကားလုံးဖြစ်ပါတယ်။ ခပ်လွယ်လွယ်ပြော ရမယ်ဆိုရင်တော့
မတူညီတဲ့ Programming ဘာသာစကားတွေကြားမှာ တူညီတဲ့ စနစ်နဲ့ အလွယ်တကူအသုံးပြုနိုင်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။
API Key ဆိုတာ
အသုံးပြုသူစစ်မှန်ကြောင်း ( ဒါမှ မဟုတ် ) အသုံးပြုခွင့်အတွက် အတည်ပြုရတဲ့ လျှို့ဝှက်ကုဒ်တမျိုးဖြစ်ပါတယ်။
API Key တစ်ခုရပြီဆိုတာနဲ့ မိမိနှစ်သက်တဲ့
Programming Language တခုခုနဲ့တွဲပြီး လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ အသုံးပြုနည်းတချို့ကို ဒီ Site မှာလည်း တင်ပေးထားသလို၊ အသုံးပြုပုံနည်းလမ်းအသေးစိတ်ကိုလည်း Documentation နဲ့ သေသေချာချာရှင်းပြပေးထားပါတယ်။