ကျနော့်ရဲ့ API ကို PHP ကုဒ်တွေနဲ့ အလွယ်ဆုံး ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဒီမှာ ရှင်းပြပေးပါမယ်။ မိတ်ဆွေအနေနဲ့ PHP ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်မယ်ဆိုရင် မိမိဘာသာ စိတ်ကြိုက်တိုးချဲ့ပြီး ဖန်တီးကြည့်ပါ။ ဒီမှာကတော့ API အသုံးပြုတတ်ရုံလောက်ကိုပဲ ပြောပြပေးမှာပါ။ PHP နဲ့ အသုံးပြုမယ်ဆိုရင် အလွယ်ဆုံးနည်းကတော့ Browser ရဲ့ address bar မှာ အောက်ပါအတိုင်း ထည့်သွင်းပြီး api ကို ခေါ်ကြည့်ပါ။

URL:

https://api.coder-guru.com/v1/calendar/PeW725u71ed9853f97d5d1LOieca3f7/1985-01-07

ဒီမှာ အသုံးပြုသွားတဲ့ PeW725u71ed9853f97d5d1LOieca3f7 ဆိုတာ နမူနာ ပြတာပါ။ တကယ့်လက်တွေ့မှာတော့ မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင် Api Key ကို အသုံးပြုပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင် အောက်ပါရလဒ်အတိုင်း ရှိသမျှ Json Data တွေအားလုံးကို ဖော်ပြပေးပါလိမ့်မယ်။ Json သင်ခန်းစာမဟုတ်တဲ့အတွက် ဒီမှာ Json အကြောင်းကို အသေးစိတ် ရှင်းမပြတော့ပါဘူး။

Output:

{
    "mm_date_str": "၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။",
    "mm_year_str": "၁၃၄၆",
    "mm_month_str": "ပြာသို",
    "mm_day_str": "လပြည့်ကျော် ၂ ရက်",
    "weekday_str": "တနင်္လာ",
    "mm_year_num": 1346,
    "mm_month_num": 10,
    "mm_day_num": 17,
    "weekday_num": 2,
    "maha_modulo": 2,
    "maha_house": "ဘင်္ဂ"
}

အခြေခံအားဖြင့် Json Data တွေကို ဘယ်လိုရယူရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ နည်းနည်းအဆင့်ထပ်မြင့်ကြည့်ရအောင် ... အဲဒီ Url ကနေပဲ မြန်မာရက်စွဲကို ဖော်ပြပေးဖို့ Api ကနေ တောင်းဆိုပါမယ်။ မြန်မာရက်စွဲ အပြည့်အစုံကို လိုချင်တာဖြစ်တဲ့အတွက် တောင်းဆိုရမယ့် Json Key ဟာ ... "mm_date_str" ဖြစ်ပါတယ်။ နားမလည်သေးဘူးဆိုရင် API Documentation မှာ ဝင်ဖတ်ကြည့်ပါ။

Example PHP Code:

	

PeW725u71ed9853f97d5d1LOieca3f7 ဆိုတဲ့နေရာမှာ မိတ်ဆွေရဲ့ Api Key ကို အစားထိုးသုံးပေးပါ။ ဒီကုဒ်ကို Run လိုက်ရင် အောက်ပါအတိုင်း အဖြေထွက်လာပါတယ်။

Output:

၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။			

အောက်မှာ ပိုပြီး အခြေခံကျတဲ့ နမူနာကုဒ်လေးကို ရေးပေးလိုက်ပါတယ်။ လက်တွေ့ Run ကြည့်ပါ။ လက်တွေ့လုပ်ကြည့်ရင် ပိုပြီးနားလည်မှာပါ။ ကျန်တဲ့ Json Key တွေကိုလည်း "mm_date_str" နေရာမှာ အစားထိုးပြီး ခေါ်သုံးကြည့်ပါ။ ဆက်ပြီး မိမိဉာဏ်ရှိသလို သုံးစွဲနိုင်ပါတယ်။

index.php:
  
    <!DOCTYPE html>
    <html>
      <body>
        <form method="get" action="calendar.php">
          <label for="year">Year:</label>
          <input type="number" id="year" name="year" min="1900" max="2099" required>
          <br>
          <label for="month">Month:</label>
          <input type="number" id="month" name="month" min="1" max="12" required>
          <br>
          <label for="day">Day:</label>
          <input type="number" id="day" name="day" min="1" max="31" required>
          <br>
          <input type="submit" value="Submit">
        </form>
      </body>
    </html>
  
calendar.php:
  
    <?php
      if (isset($_GET['year']) && isset($_GET['month']) && isset($_GET['day'])) {
        $date = $_GET['year'] . '-' . $_GET['month'] . '-' . $_GET['day'];
		$apiKey = "PeW725u71ed9853f97d5d1LOieca3f7";
        $json = file_get_contents('https://api.coder-guru.com/v1/calendar/'.$apiKey.'/' . $date);
        $data = json_decode($json, true);
        $value = $data['mm_date_str'];
        echo $value;
      }
    ?>