Calendar API v1


သိချင်တဲ့ အင်္ဂလိပ်ရက်စွဲကနေ မြန်မာပြက္ခဒိန်ရဲ့ ရက်စွဲတွေကို ရရှိစေဖို့ API အဖြစ် စီစဉ်ပေးလိုက်ပါတယ်။ ပြက္ခဒိန်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို နောက် Version တွေမှာ ဖြည့်စွက်ပေးပါမယ်။ လောလောဆယ် Version 1 မှာတော့ သိပ်မစုံသေးပါဘူး။ လောလောဆယ် မဟာဘုတ်နဲ့ မြန်မာရက်စွဲတွေ၊ နေ့တွေကိုတော့ ရှာယူလို့ ရပါပြီ။


API Endpoint URL:
https://api.coder-guru.com/

Parameter Description Required
API Key API Key သို့မဟုတ် Secret Key Yes
ရက်စွဲ YYYY-MM-DD ရက်စွဲ Format Yes

API Format:
https://api.coder-guru.com/v1/calendar/{YOUR-API-KEY}/{YYYY-MM-DD}

Example:
https://api.coder-guru.com/v1/calendar/PeW725u71ed9853f97d5d1LOieca3f7/1985-01-07

Response:

{
	"mm_date_str": "၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။",
	"mm_year_str": "၁၃၄၆",
	"mm_month_str": "ပြာသို",
	"mm_day_str": "လပြည့်ကျော် ၂ ရက်",
	"weekday_str": "တနင်္လာ",
	"mm_year_num": 1346,
	"mm_month_num": 10,
	"mm_day_num": 17,
	"weekday_num": 2,
	"maha_modulo": 2,
	"maha_house": "ဘင်္ဂ"
}						

Usage:
Parameter Data Type Explanation
mm_date_str String မြန်မာရက်စွဲအပြည့်အစုံကို စာသားတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... ၁၃၄၆ ခုနှစ်၊ ပြာသို လပြည့်ကျော် ၂ ရက်၊ တနင်္လာနေ့။
mm_year_str String မြန်မာနှစ်ကို မြန်မာစာသားအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... ၁၃၄၆
mm_month_str String မြန်မာလကို စာသားတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... ပြာသို
mm_day_str String မြန်မာရက်ကို စသားတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... လပြည့်ကျော် ၂ ရက်
weekday_str String နေ့ကို စာသားတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... တနင်္လာ
mm_year_num Integer မြန်မာနှစ်ကို ဂဏန်းတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... 1346
mm_month_num Integer မြန်မာလကို ဂဏန်းတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... 10 ( တန်ခူး = 1 စသဖြင့် )
mm_day_num Integer မြန်မာရက်ကို ဂဏန်းတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... 17 ( 15 ထက်ပြီးရင် လဆုတ်ရက်ဖြစ်ပါတယ်။ 15 နုတ်ပြီး ရက်အဖြစ်ယူဆပါ။ )
weekday_num Integer နေ့ကို ဂဏန်းတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... 2 ( စနေ = 0 စသဖြင့် )
maha_modulo Integer မဟာဘုတ်ကြွင်းကို ဂဏန်းတန်ဖိုးအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... 2 ( 2 ကြွင်းမဟာဘုတ် )
maha_house Integer မဟာဘုတ်ဘွားဇာတာကို စာသားအနေနဲ့ return ပြန်ရပါတယ်။ ဥပမာ ... ဘင်္ဂ ( ဘင်္ဂဘွား )

လတ်တလော Version မှာတော့ အသုံးပြုရလွယ်ကူအောင်လို့ JSON Format ကို ခပ်လွယ်လွယ်ပဲ စီစဉ်ပေးထားပါတယ်။

ဒါက လတ်တလော Version 1 မှာ သုံးလို့ရတဲ့ အချက်အလက်တွေကို အကျဉ်းအားဖြင့် ပြောပြပေးလိုက်တာပါ။ အကျယ်တဝင့်အသုံးပြုပုံတွေကို သက်ဆိုင်ရာ Programming သင်ခန်းစာတွေမှာ လေ့လာနိုင်ပါတယ်။